International News

စင်ကာပူနှင့်ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ အပြန်အလှန် ခရီးသွားလာခွင့်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခွင့်ပြုမည်

Last Updated:

စင်ကာပူနှင့် ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများကို ပြန်လည် အသက်သွင်းနိုင်ရန်နှင့် စီးပွားရေးနာလန်ထူနိုင်မှုအပေါ်  ပံ့ပိုးပေးနိုင်ရန်အတွက် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ အပြန်အလှန်ခရီးသွားလာခွင့် Green Lane အစီအစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူသည် ဤကဲ့သို့သော အပြန်အလှန်ခရီးသွားလာခွင့်အစီအစဉ်များကို အခြားနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိပြီးဖြစ်သော်လည်း၊ ဂျပန်နိုင်ငံ သည် ယခုအစီအစဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုံခြုံစိတ်ချမှုရှိစေရေးအတွက် ခရီးမထွက်ခွာမီနှင့် ခရီးစဉ် ရောက်ရှိချိန်တို့တွင် ရောဂါစစ်ဆေးမှုခံယူခြင်းနှင့် ရောက်ရှိမည့်နိုင်ငံ၌ ၁၄ ရက်အတွင်း ထိန်းချုပ်ထားသောခရီးစဉ်အတိုင်း သွားလာဆောင်ရွက် ခြင်းတို့ကို လိုက်နာရန်လိုအပ်မည် ဖြစ်ကြောင်း၊ ဤအစီအစဉ်နှင့်စပ်လျဉ်း၍ လျှောက်ထားရမည့်လုပ်ငန်းစဉ်များအပါအဝင် အသေးစိတ် လိုအပ်ချက်များကို စက်တင်ဘာလ ၁၈ ရက်နေ့မတိုင်မီ ဆက်လက်ထုတ်ပြန်အသိပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။   

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။     ။ The Straits Times

Category: International News